Showing posts with label စိတ်ကြိုက်ကဗျာများ. Show all posts
Showing posts with label စိတ်ကြိုက်ကဗျာများ. Show all posts

Sunday, February 25, 2018

ပရိတ်တော် အမေးအဖြေ လင်္ကာများ



 အရှင်ဝိသာရဒ (ရမ္မာဝတီ) က မေးမြန်း၍  ဒွါရာဝတီအရှင်ကုသလ (ငွေသဇင်-သံတွဲ) က ပြန်လည်ဖြေဆိုသော ပရိတ်တော်အမေးအဖြေ လင်္ကာများဖြစ်ပါသည်။


"မင်္ဂလသုတ်ပရိတ်တော် အမေး"

ထင်သော်လည်း ထင်သော်
မင်္ဂလာ ထိုသဘောကို
စောကြောမပေါ်။

နတ်လူတို့ ငြင်းခုံသော်
နတ်အကျော် မနေအား၊
ဘုရားထံ အရောက်သွားလို့
ကြားလျှောက်ညွတ်တွား။

မြတ်ဘုရား မိန့်တော်မူ
အကုသိုလ် ဖိန့်တုန်ရှားတဲ့
တရားမှန်ကူ၊
မင်္ဂလာလို့အမှန်ယူ
နတ်လူတို့ ကျင့်စေသား။

ဘယ်နှစ်ပါး အမြင်ကူပါမှ
မင်္ဂလာ အယူမြောက်ပါ့မယ်
မြတ်မဉ္ဇူ ပရိတ်ပန်းကို
မြန်းဆင်ဖို့ကြား။

ရိုသေစွာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)
22/ 02/ 2018
........................

"မင်္ဂလသုတ်ပရိတ်တော် အဖြေ"

* ထင်သော်လည်း ထင်သော်။
မင်္ဂလာ ထိုသဘောကို
စောကြောမပေါ်။
နတ်လူတို့ ငြင်းခုံသော်
နတ်အကျော် မနေအား။
ဘုရားထံ အရောက်သွားလို့
ကြားလျှောက်ညွတ်တွား။

*မြတ်ဘုရား မိန့်တော်မူ။
အကုသိုလ် ဖိန့်တုန်ရှားတဲ့
တရား မှန်ကူ။
မင်္ဂလာလို့ အမှန်ယူ
နတ်လူတို့ကျင့်စေသား။
သုံးဆယ့်ရှစ်ဖြာ အမြင်ကူပါမှ
မင်္ဂလာ အယူမြောက်ပါလိမ့်
သူသူငါ မင်္ဂလပရိတ်ပန်းကိုဖြင့်
မြန်းဆင် လို့ထား။ ။

ငွေသဇင်(သံတွဲ)
22/ 02/ 2018

Sunday, February 24, 2013

"သည်ရုပ်နာမ်.."

ချိန်အခါ အတိအကျ
အကြောင်းဆုံက ဖြစ်ပေါ်လာ
သို့ပေမယ့် တယ်မကြာတယ်
 မရဏာ သေမျိုး။

တကယ်ပင် ထင်မကိုးလေနဲ့
အို နာမျိုးအမှန်၊
ဥပါဒ်နှင့် ဌီမျှခံတယ်
သည်ရုပ်နာမ် ဘင်အဟုတ် အမှန်ကွဲ့လေး..။

 အရှင်ဝိသာရဒ (ရမ္မာဝတီ)
23/02/2013

Wednesday, February 6, 2013

အပယ်ခံနှိုးစက်


တစ်နေကုန်ပင် ၊ အလုပ်ခွင်၌
ပင်ပင်ပန်းပန်း လုပ်ခဲ့သည် ။

စားဝတ်နေရေး ၊ လူမှုရေးနှင့်
အရေးထွေပြား သွားခဲ့သည် ။

သွားဆဲလာဆဲ ၊ ပန်ပန်းဆဲ၌
ဝဋ်ဆင်းရဲဟု ရှုမိသည် ။

သည်ဝဋ်ဆင်းရဲ ၊ ကုန်အောင်နွှဲဖို့
စိတ်ထဲတေးမှတ် ထားလိုက်သည် ။

လေးနာရီတွင် ၊ နှိုးစက်တင်၍
ကုတင်ပေါ်၌ လျောင်းခဲ့သည် ။

နှိုးစက်မြည်သံ--
နားတွင်လျှံသော်----
"အော်"ဟုယောင်ရမ်း ၊ ဆိုမြည်တမ်း၍
ခပ်ကြမ်းကြမ်းလေး ပိတ်လိုက်သည် ။
မျက်ဝန်းပြန်၍ မှိတ်လိုက်သည် ။

အရှင်ဝိသာရဒ (ရမ္မာဝတီ)