ဤစာအုပ်တွင်-
- ဘာသာဝင်ဦးရေတိုးအောင် သာသနာပြုသင့်သလား။
- သားရှင်ပြုအလှူ လှူကြသူများအကြောင်း။
- ညီချင်လျှင် ညွတ်ပေးရသည့် သီအိုရီ။
- တရားအားထုတ်မှုနှင့် ပတ်သက်သည့် အယူအဆများ။
- ကလေးများ၏ အနာဂတ်။
- လူတစ်ယောက်သေဆုံးလျှင် ရေအိုးခွဲသည့် အယူအဆ မှန်/မမှန်။
-
သမီးရည်းစားရင်ကြားစေ့ရေးနှင့် အမျိုးသားရင်ကြားစေ့ရေး စသည့် လောက
ဓမ္မရေးရာ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို ရေးသားစုစည်းထားပါသည်။
Showing posts with label ထုတ်ဝေဖြစ်ခဲ့သော စာအုပ်များ. Show all posts
Showing posts with label ထုတ်ဝေဖြစ်ခဲ့သော စာအုပ်များ. Show all posts
Thursday, October 16, 2014
Saturday, November 23, 2013
ပရလောကသားများအတွက်ပရဟိတ (အမျှဝေနည်းနှင့်ကုသိုလ်ပြုနည်းလမ်းညွှန်)
"သဇင်သားစာစဉ် အမှတ် (၃)"
ပရလောကသားများအတွက်ပရဟိတ (အမျှဝေနည်းနှင့်ကုသိုလ်ပြုနည်းလမ်းညွှန်) Pdf ရပါပြီ။
ဤစာအုပ်တွင် မြန်မာနှင့်သီရိလင်္ကာ အမျှဝေပုံ ခြားနားချက်များ၊
ပြိတ္တာများကိုသာ အမျှဝေ၍ ရနိုင်သည်ဟုဆိုသော် လူအချင်းချင်း အမျှဝေရကျိုး
ရှိနိုင်-မရှိနိုင်၊ ဗုဒ္ဓဘာသာဝင် မဟုတ်ခဲ့သူ တစ်ဦး သေဆုံး၍
ပြိတ္တာဖြစ်နေခဲ့လျှင် သာဓုခေါ်နိုင်- မခေါ်နိုင်၊ ထက်မြက်သော
တိဟိတ်ကုသိုလ်ဖြစ်ရန် မည်သို့ပြုလုပ်ရမည်နည်း၊ ကုသိုလ်ဘယ်လိုရသနည်း၊
ကုသိုလ်ကံတရားများ မိမိတို့သန္တာန်ဝယ် မည်သို့မည်ပုံ လိုက်ပါနေသနည်း...
စသည့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို အခြေခံကျကျ ရေးသားထားပါသည်။
မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)
Labels:
ထုတ်ဝေဖြစ်ခဲ့သော စာအုပ်များ
Friday, February 22, 2013
Friday, November 23, 2012
လင်္ကာမြေမှာတစ်နှစ်တာ စ/ ဆုံး ရပါပြီ
သီရိလင်္ကာသို့ ပညာသင် ကြွရောက်လိုကြသည့် ညီတော် နောင်တော်များ၊ ထိုပညာသင် ရဟန်းတော် အရှင်မြတ်များကို ထောက်ပံ့ပေးကြမည့် ဒကာ/မ များအတွက် အထောက်အကူဖြစ်စေဖို့ ရေးသားထားသည့် စာအုပ်ဖြစ်ပါသည်။
ယခင်တစ်ကြိမ် ဘလော့ပေါ်တင်ပေးခဲ့သော်လည်း ဘလော့ကလေး တိုက်ခိုက်ခံခဲ့ရ၍ ပျက်စီးသွားခဲ့ရပါသည်။ ယခုတစ်ကြိမ် ဘလော့ကလေး ကို ပြန်လည် ပြင်ဆင်ပြီး၊ ထပ်တင်ပေးလိုက်ရပါသည်။
စာအုပ်ရနိုင်ဦးမလား လာလာမေးနေကြသူ မိတ်ဆွေများအတွက် ဒုတိယအကြိမ်ပုံနှိပ်ရန် ကြိုးစားသွားပါမည်။ ပထမအကြိမ် ရိုက်နှိပ်စဉ်က ပံ့ပိုးပေးခဲ့ကြသူများ၊ မေတ္တာဖြင့် ဖြန့်ချိပေးခဲ့ကြသူများ၊ အားပေးဖတ်ရှုခဲ့ကြသူ မိတ်ဆွေများအားလုံးကို ကျေးဇူး အထူးတင်ရှိပါသည်။
A year in Sri Lanka
Labels:
ထုတ်ဝေဖြစ်ခဲ့သော စာအုပ်များ
Subscribe to:
Posts (Atom)
