- နေ့လည် ၁၂ နာရီခန့် နေအပူသည် ခြစ်ခြစ်တောက်ပူ၏။
- ကတ္တရာလမ်းသည် အခိုး တရှိန်ရှိန်ထ၏။
"သောက်ရေသန့်ရမယ်၊ ကွမ်းယာရမယ်..၊ သောက်ရေသန့်အေးအေးလေးရမယ်.."
"ဂျာနယ်ရမယ်..၊ ဂျာနယ်စုံ..၊ ဂျာနယ်စုံ.."
- ရေခဲငွေ့တို့ဖြင့် စိုရွှဲနေသော ရေသန့်ဗူးကလေးများ၊ သွပ်ကြိုးကွင်းဖြင့် ဖောက်တွဲ ထားသော ကွမ်းယာထုပ်ကလေးများ၊ လက်တွင်ပွေ့ထားသော ဂျာနယ်များကို ထိုးပြရင်း ကားတွေကြိုးကြား အော်ဟစ် သွားလာရောင်းချနေကြသော ဈေးသယ်များကား ကျားမအစုံ၊ အရွယ်စုံ။ အသက် (၁၀) နှစ် အရွယ်ခန့်မှသည် အသက် (၅၀) ခန့်အထိ ပါဝင်၏။
- ခပ်နွမ်းနွမ်းအဝတ်အစားကလေးများန
- သည်နေရာမှ ဖြတ်သွားတိုင်း ထိုသူများကို မြင်တွေ့ရ၏။ ထိုသူများကို မြင်ရတိုင်း လေးနက်သည့် ခံစားချက်တစ်မျိုးနှင့် ပြင်းပြသည့် ဆန္ဒတစ်မျိုးတို့ ဖြစ်ပေါ်မြဲ ဖြစ်လေသည်။
- ခံစားချက် တစ်မျိုးကား ဆင်းရဲသော်လည်း မလိမ်မညာ၊ မခိုးမဝှက်၊ ဘယ်သူ့ဆီမှာမှလည်း ခခယယ အသနားမခံ၊ ကိုယ်ကျင့်သိက္ခာကိုလည်းမချနင်း၊
- ဆန္ဒတစ်မျိုးကား ပင်ပန်းဆင်းရဲလှသည့် ထိုအနေအထားမှ မြန်မြန်ဆန်ဆန် လွတ်မြောက်ကြစေလိုခြင်းပင် ဖြစ်လေသည်။
မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)
31/03/2014
No comments:
Post a Comment