4.2. Concepts of Breathing Meditation
The
word “breathing meditation” is a compound
of breathing and meditation. Breathing is a process of air which moves in and
out of the lungs through nose or mouth. Naturally, from the beginning of life
to death, breathing is a constant physical process that delivers oxygen to the
body and expels carbon dioxide. Some scholars affirmatively stated that “the
breath is life; to stop breathing is to die.”[1]
Regarding the word meditation, it is an individual training of the mind tied to
meditation objects. Repeatedly setting the mind on the meditation objects to
cultivate good mental power against mental defilements is its function. Meditation
technique anchored in breathing is called breathing meditation. Mindfulness is
the most important mental factor in breathing meditation. Therefore, this practice
is meaningfully entitled “Mindfulness of Breathing Meditation” or “Conscious
Awareness of Breathing Meditation”.
၎.၂ ဝင်လေထွက်လေကမ္မဋ္ဌာန်းအပေါ် အမြင်သဘောထားများ
“ဝင်လေထွက်လေကမ္မဋ္ဌာန်း”
ဟူသော စကားလုံးသည် “ဝင်လေထွက်လေ” နှင့် “ကမ္မဋ္ဌာန်း” ဟူသော စကားတို့ ပေါင်းစပ်ထားသော
စကားဖြစ်သည်။ “ဝင်လေထွက်လေ” ဟူသည် အဆုပ်ထဲ နှင့် အဆုပ်အပြင်သို့ နှာခေါင်း (သို့မဟုတ်)
ပါးစပ်မှတဆင့် ရွေ့လျားနေသော လေအစဉ်အတန်း ဖြစ်သည်။ သဘာဝအားဖြင့် ဝင်လေထွက်လေသည် မွေးစမှသည်
သေသည်အထိ အောက်ဆီဂျင်ဓာတ်ကို ကိုယ်တွင်းသို့ ပို့ဆောင်ပေးပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ကို
စွန့်ထုတ်ပေးသော အတောမသတ်သည့် ရုပ်ပိုင်းဆိုင်ရာ ဖြစ်စဉ်တစ်ခု ဖြစ်ပေသည်။ ပညာရှင်အချို့က
“ဝင်သက်ထွက်သက်သည် ဘဝ၊ ဝင်သက်ထွက်သက်မရှိခြင်းသည် သေဆုံးခြင်းပင်” ဟု ထောက်ခံပြောဆိုကြပေသည်။
ကမ္မဋ္ဌာန်းဟူသော စကားလုံးနှင့်ပတ်သက်၍မူ ကမ္မဋ္ဌာန်းဟူသည် ကမ္မဋ္ဌာန်းအာရုံ၌ ချည်နှောင်ထားသော
တစ်ဦးချင်းစီ၏ စိတ် လေ့ကျင့်မှုပင်ဖြစ်သည်။ ကိလေသာတရားများကို ဆန့်ကျင်၍ စိတ်စွမ်းရည်ကောင်းများကို
တည်ထောင်နိုင်ရန်အတွက် ကမ္မဋ္ဌာန်းအာရုံ၌ စိတ်ကို ထပ်တလဲလဲ တည်ရှိစေမှုသည် ကမ္မဋ္ဌာန်း၏ လုပ်ဆောင်ချက်ဖြစ်သည်။
ဝင်လေထွက်လေ၌ အထိုင်ချထားသော ကမ္မဋ္ဌာန်းနည်းစနစ်ကို ဝင်လေထွက်လေကမ္မဋ္ဌာန်းဟု ခေါ်ဆိုသည်။
သတိသည်ကား ဝင်လေထွက်လေကမ္မဋ္ဌာန်း၌ အခရာအကျဆုံး စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်း ဖြစ်လေသည်။
ထို့ကြောင့် ဤကျင့်စဉ်သည် “ဝင်လေထွက်လေ သတိပဋ္ဌာန်ကမ္မဋ္ဌာန်း” (သို့မဟုတ်) “ဝင်လေထွက်လေသတိ
နိုးကြားမှု ကမ္မဋ္ဌာန်း” ဟူ၍ အဓိပ္ပါယ်ရှိစွာ အမည်ပေးခြင်း ခံရလေသည်။
Concerning
the breathing meditation, in the Vinaya and the Sutta Piṭakas, the same description of mindfulness of breathing
meditation appears in many different settings. In the Ᾱnāpānakathā of the Paṭisambhidāmagga, many different kinds of knowledge of
mindfulness of breathing meditation are given and analyzed. In the Visuddhimagga, the
detailed instructions for the “practice” are mentioned.
ဝင်လေထွက်လေကမ္မဋ္ဌာန်းနှင့်ပတ်သက်၍
တူညီသော ဝင်လေထွက်လေကမ္မဋ္ဌာန်း ဟောကြားချက်များသည် ဝိနည်းနှင့် သုတ္တန်ပိဋကတ်တို့တွင်
ကွဲပြားသည့် နောက်ခံဇာတ်လမ်းများစွာ၌ ဖော်ပြလာရှိသည်။ ပဋိသမ္ဘိဒါမဂ်၊ အာနာပါနကထာတွင်
အမျိုးအမည်ကွဲပြား များပြားလှစွာသော ဝင်လေထွက်လေကမ္မဋ္ဌာန်းဗဟုသတများကို ပြဆိုသရုပ်ခွဲပေးထားသည်။
ဝိသုဒ္ဓိမဂ်ကျမ်းတွင် လက်တွေ့ကျင့်ကြံအားထုတ်ခြင်းအတွက် အသေးစိတ်သင်ကြားမှုများကို ဖော်ပြထားသည်။
Indeed,
the breathing meditation is the foremost mediation subject for all Buddhas,
some Pacceka Buddhas and some sons of Buddhas as the basic practice for the
attainment of Nibbāna.[2] As
mentioned above, for the Buddha,
this is his first mediation experience and he took this spiritual exercise to
achieve Buddha-hood on the night of
awakening under the Bodhi tree.
Furthermore, he mostly passed the rest of his life with this noble practice. In
the Icchānaṅgala Sutta, the Buddha
said how much he engaged in breathing meditation thus:
စင်စစ်ကား ဝင်လေထွက်လေကမ္မဋ္ဌာန်းသည်
ဗုဒ္ဓဘုရားရှင်အားလုံး၊ ပစ္စေကဗုဒ္ဓါအရှင်မြတ်အချို့ နှင့် ဗုဒ္ဓ၏တပည့်သားအချို့တို့အတွက်
နိဗ္ဗာန်ကိုတက်လှမ်းရာ အခြေခံကျင့်စဉ်အဖြစ် အထင်ကရဖြစ်သော ကမ္မဋ္ဌာန်းတစ်ခုပင် ဖြစ်လေသည်။
အထက်တွင် ဆိုခဲ့သည့်အတိုင်း၊ ဤဝင်လေထွက်လေကမ္မဋ္ဌာန်းသည် ဗုဒ္ဓဘုရားရှင်အတွက် ပထမဦးဆုံး
တရားအားထုတ်မှု အတွေ့အကြုံ ဖြစ်ခဲ့ပြီး ဗောဓိပင်အောက် ဉာဏ်အလင်းပွင့်ရာည၌ ဘုရားအဖြစ်သို့
ရောက်ရှိရန်အတွက်လည်း ဤဉာဏ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းကိုပင် ပြုလုပ်ခဲ့လေသည်။ ထို့အပြင်
ဗုဒ္ဓသည် သူ့ဘဝ၏ လက်ကျန်သက်တမ်းကိုလည်း ဤမြင့်မြတ်သောကျင့်စဉ်ဖြင့်သာ အများဆုံး ဖြတ်ကျော်ခဲ့လေသည်။
ဣစ္ဆာနင်္ဂလသုတ္တန်၌၊ သူသည် ဝင်လေထွက်လေကမ္မဋ္ဌာန်းကို မည်ရွေ့မည်မျှ အားထုတ်ခဲ့သည်ကို ဤသို့
မိန့်တော်မူခဲ့ပေသည် …
Monks, if the recluses who believe in other
religions ask you that how Gotama Buddha
spends his time during the rainy season, you all have to reply that Buddha
usually spends his time during the rainy season engaging in concentration of
mindfulness of breathing meditation.[3]
ရဟန်းတို့၊ သာသနာပြင်ပ
အယူရှိကုန်သော ပရဗိုဇ်တို့က ‘ရဟန်းဂေါတမသည် မိုးလပတ်လုံး မည်သို့နေထိုင်ပါသနည်း’ ဟု
သင်တို့ကို မေးလာခဲ့လျှင်၊ ‘ဗုဒ္ဓသည် မိုးလပတ်လုံး ဝင်လေထွက်လေ သတိသမာဓိဖြင့် အနေများ၏’
ဟု သင်တို့ ဖြေဆိုသင့်ကြ၏’။
Moreover,
the advantage of mindfulness of breathing meditation was repeatedly extolled by the Buddha.
In the Vinaya Piṭaka, when Ven. Ananda requested the Buddha to preach a kind
of meditation which can help to stop suicide or desire for death of the monks
who practice the asubha bhāvanā, and
which also can lead to Arahatta Phala,
then, the Buddha spoke of the mindfulness of breathing meditation thus:
ထို့အပြင်၊ ဗုဒ္ဓသည်
ဝင်လေထွက်လေကမ္မဋ္ဌာန်း၏ အားသာချက်ကိုလည်း ထပ်တလဲလဲ ချီးကျူးတော်မူခဲ့ပေသည်။ ဝိနည်းပိဋကတော်၌၊
မိမိကိုယ်ကိုသတ်သေမှုကို ဟန့်တားနိုင်မည့် (သို့မဟုတ်) အသုဘကမ္မဋ္ဌာန်းကိုအားထုတ်ကြသည့်
ရဟန်းတော်များ၏ သေဆုံးလိုသောဆန္ဒကို ရပ်တန့်နိုင်မည့်၊ အရဟတ္တဖိုလ်သို့လည်း ဆိုက်ရောက်နိုင်မည့်
ကမ္မဋ္ဌာန်းတစ်မျိုးမျိုးကို ပေးတော်မူပါရန် အရှင်အာနန္ဒာက မြတ်စွာဘုရားကို တောင်းပန်လျှောက်ထားသောအခါ
မြတ်စွာဘုရားက ဝင်လေထွက်လေကမ္မဋ္ဌာန်းကို ဤသို့ ဟောမိန့်တော်မူခဲ့ပေသည် …
Monk, when one cultivates and develops the
concentration of mindfulness of breathing, there is serene,
magnificent, perfect and contented living. Furthermore it instantaneously
vanquishes the evil immoral thoughts as soon as they happen.[4]
ရဟန်းတို့၊ ဝင်လေထွက်လေ သတိသမာဓိ ကမ္မဋ္ဌာန်းကို
လေ့လာပွားများသည်ရှိသော် ငြိမ်လည်းငြိမ်သက်၏၊ မွန်လည်း မွန်မြတ်၏၊ ဖြည့်စွက်စရာလည်းမလို၊
ချမ်းသာစွာလည်း နေရ၏။ ထို့အပြင် ဖြစ်တိုင်းဖြစ်တိုင်းသော အကုသိုလ် အယုတ်တရားများ ကိုလည်း
ချက်ချင်းပင် ကွယ်ပျောက် ငြိမ်းအေးစေနိုင်၏။
That
means the object of the breathing meditation is not as disgusting as that of asuba bāvana. It is naturally still and dignified in its own
way. In addition, its object is
genuinely unadulterated and has no need to do any amendment as in Earth Kasiṇa meditation.
ဆိုလိုသည်မှာ ဝင်လေထွက်လေကမ္မဋ္ဌာန်းအာရုံသည်
အသုဘကမ္မဋ္ဌာန်းအာရုံကဲ့သို့ စက်ဆုပ်ရွံရှာဖွယ် မဟုတ်။ သူ့သဘာဝအားဖြင့်ပင် ငြိမ်သက်၏၊
သူ့ပင်ကိုယ်အားဖြင့်ပင် တင့်တယ်၏၊
ထို့အပြင် ကမ္မဋ္ဌာန်းအာရုံသည် အမှန်အကန် သန့်ရှင်းစင်ကြယ်၏၊ ကမ္မဋ္ဌာန်းအာရုံ၌ ပထဝီကသိုဏ်းကမ္မဋ္ဌာန်းကဲ့သို့
မည်သည့်ပြင်ဆင်ဖြည့်စွက်မှုမျိုးကိုမျှ ပြုဖွယ်မလိုဟု ဆိုလိုပေသည်။
In
the Saṃyutta-nikāya, the Buddha encouraged the monks to practice the breathing
meditation thus:
သံယုတ္တနိကယ်၌ မြတ်ဗုဒ္ဓသည်
ဝင်လေထွက်လေကမ္မဋ္ဌာန်းကို အားထုတ်ကြရန် ဤသို့ အားပေးတိုက်တွန်းတော်မူခဲ့ပေသည် …
Monks, if a monk should desire, ‘may neither my body
nor my eyes become fatigue and may my mind be freed from the doubt without
attaching,’ he should practice well this concentration of
mindfulness of breathing meditation.[5]
ရဟန်းတို့၊ ရဟန်းသည် အကယ်၍ ‘ငါ့ ကိုယ်သည်လည်း
မပင်ပန်းစေရာ၊ ငါ့မျက်လုံးတို့သည်လည်း မပင်ပန်းစေရာ၊ ငါ့ စိတ်သည်လည်း မစွဲလန်းမူ၍ အာသဝတို့မှ
လွတ်မြောက်ရာ၏’ ဟု အလိုရှိပါမူ ဝင်လေထွက်လေ သတိ သမာဓိ ကမ္မဋ္ဌာန်းကိုသာ ကောင်းစွာ နှလုံးသွင်းအပ်၏။
The
commentary Sāratthappakāsinī
explained why this practice is the most suitable for practitioners. A meditator
who takes the elements meditation (dhātu-kammaṭṭhāna)
finds excruciating pain in his body as if he were thrown into a machine. A
person who works on the devices meditation (kasiṇa-kammatthānas) gets his eyes weary and shaken as
though they would drop out. However, when one abides contemplating on this
breathing meditation subject, neither does the body become fatigue nor do the
eyes hurt. Hence, the Buddha commended as above.[6]
သာရတ္ထပကာသိနီအဋ္ဌကထာက
ဤဝင်လေထွက်လေကမ္မဋ္ဌာန်းသည် တရားအားထုတ်သူတို့အတွက် အဘယ်ကြောင့် အသင့်တော်ဆုံးဖြစ်သည်ကို
ရှင်းပြထား၏။ ဓာတ်ကမ္မဋ္ဌာန်းကို အားထုတ်သူတစ်ယောက်သည် စက်ယန္တရားပေါ် ပစ်တင်ခံရသူကဲ့သို့ ကိုယ်ခန္ဓာတွင် ဝေဒနာပြင်းစွာ
ခံစားရတတ်၏။ ကသိုဏ်းကမ္မဋ္ဌာန်းများကို အားထုတ်သူသည်
မျက်စိညောင်းညာပင်ပန်းပြီးလျှင်
မျက်လုံးပြုတ်ထွက်သကဲ့သို့ ကတုန်ကယင်ဖြစ်တတ်၏။ သို့သော် ဝင်လေထွက်လေကမ္မဋ္ဌာန်းကို
အာရုံစွဲမြဲသောသူသည်ကား ကိုယ်ခန္ဓာလည်း မပင်ပန်းမနွမ်းနယ်သကဲ့သို့ မျက်လုံးညောင်းညာ
ကိုက်ခဲခြင်းလည်း မဖြစ်နိုင်ပေ။ ထို့ကြောင့်ပင် ဗုဒ္ဓသည် အထက်တွင်ဆိုခဲ့သည့်အတိုင်း
(ဝင်လေထွက်လေကမ္မဋ္ဌာန်းကို) ချီးကျူးတော်မူခဲ့လေသည်။
In
the Paṭhamabhikkhu Sutta, the Buddha asserted that by developing and repetitively
undertaking the breathing meditation, the four Satipaṭṭhāna are accomplished. In the
same manner, the seven factors of enlightenment (bojjhaṅga)
are consecutively fulfilled. Then, the clear vision and liberation are finally
completed with the similar
approach of the latter factors.[7]
ပထမဘိက္ခုသုတ္တန်၌ ဝင်လေထွက်လေကမ္မဋ္ဌာန်းကို
အားထုတ်ခြင်းဖြင့် သတိပဋ္ဌာန်တရား လေးပါးကိုလည်း
ပြီးမြောက်စေကြောင်း မြတ်ဗုဒ္ဓက အခိုင်အမာ မိန့်တော်မူခဲ့သည်။ ထို့အတူ အစဉ်အတိုင်း
ဗောဇ္ဈင်တရားခုနစ်ပါးကိုလည်း ပြီးမြောက်စေသည်။ ထို့အပြင် နောက်ဆုံးတွင် နောက်နောက်သော
အင်္ဂါရပ်များကို နည်းတူချည်းကပ်ခြင်းဖြင့် အသိဉာဏ် (ဝိဇ္ဇာ) နှင့် လွတ်မြောက်မှု (ဝိမုတ္တိ) တို့ကိုပါ ပြီးမြောက်စေလေသည်။
Generally,
every practitioner of any meditation subject has some expectations. The
practitioners who engage in the breathing meditation, according to the Dutiyaphala Sutta of the Saṃyutta-nikāya, can look forward to the following seven
benefits:
ယေဘုယျအားဖြင့် မည်သည့်ကမ္မဋ္ဌာန်းကို
အားထုတ်သူတိုင်းတွင်မဆို မျှော်လင့်စရာအချို့ ရှိကြပေသည်။ သံယုတ္တနိကာယ်၊ ဒုတိယဖလသုတ္တန်အဆိုအရ
ဝင်လေထွက်လေကမ္မဋ္ဌာန်းကို အားထုတ်သူများသည် အောက်ပါ အကျိုးထူးခုနစ်မျိုးကို မျှော်မှန်းနိုင်ကြပေသည်
…
1. The
practitioner can achieve Arahantship
in his current life.
2. Or
he can also accomplish it at the time of death.
3. Having
already destroyed five lower fetters[8],
he can be Antarāparinibbāyi- Anāgāmī
who attains the Nibbāna during the middle of
life-term if he does not attain Arahantship
even after death.
4. If
he does not become so, he can be Upahiccaparinibbāyī-
Anāgāmī who gets the Nibbāna in over half of another life-term.
5. If
he does not become so, he can be Asankhāraparinibbāyī-
Anāgāmī who attains Nibbāna without exertion.
6. If
not so, he can be Sasankhāraparinibbāyī-
Anāgāmī who attains Nibbāna with exertion.
7. Or
he can be Udamsota-akanittha-Anāgāmī
who goes up successive stages to Arahantship.[9]
၁။
ဝင်လေထွက်လေကမ္မဋ္ဌာန်းကို အားထုတ်သူသည် ယခုဘဝမှာပင် အရဟတ္တဖိုလ်ကို ရနိုင်သည်။
၂။
သို့မဟုတ်ခဲ့မူ သေခါနီးအချိန်တွင် အရဟတ္တဖိုလ်ကို ရနိုင်သည်။
၃။
အကယ်၍ သေပြီးနောက်တွင် ရဟန္တာအဖြစ် မရောက်ခဲ့ပါမူ အောက်သံယောဇဉ်ငါးပါးကို ပယ်ရှားပြီး၍
သက်တမ်းတစ်ဝက်အတွင်းမှာပင် နိဗ္ဗာန်ကို တက်လှမ်းနိုင်သော အန္တရာပရိနိဗ္ဗာယီ အနာဂါမ်ပုဂ္ဂိုလ်
ဖြစ်နိုင်သည်။
၎။
ထိုသို့မဖြစ်ခဲ့ပါမူ နောက်ဘဝသက်တမ်း ထက်ဝက်ကျော်ကျော်တွင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သော
ဥပဟိစ္စပရိနိဗ္ဗာယီ အနာဂါမ်ပုဂ္ဂိုလ် ဖြစ်နိုင်သည်။
၅။
ထိုသို့မဖြစ်ခဲ့ပါမူ ထူးထူးခြားခြားအားထုတ်ရမှုမရှိဘဲ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သော
အသင်္ခါရပရိနိဗ္ဗာယီ အနာဂါမ်ပုဂ္ဂိုလ် ဖြစ်နိုင်သည်။
၆။
ထိုသို့မဖြစ်ခဲ့ပါမူ ကြိုးစားအားထုတ်မှုဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သော သသင်္ခါရပရိနိဗ္ဗာယီ
အနာဂါမ်ပုဂ္ဂိုလ် ဖြစ်နိုင်သည်။
၇။
ထိုသို့မဖြစ်ခဲ့ပါမူ ရဟန္တာဖြစ်ဖို့ရန် အထက်အထက်ဘဝတို့သို့ သွားရသော ဥဒ္ဓံသောတ အကနိဋ္ဌ
အနာဂါမ်ပုဂ္ဂိုလ် ဖြစ်နိုင်သည်။
In
addition, the Visuddhimagga stated another great fruit of breathing
meditation thus:
ထို့အပြင်
ဝင်လေထွက်လေကမ္မဋ္ဌာန်း၏ အခြား ကြီးကျယ်မြင့်မြတ်သည့် အကျိုးတရားတို့ကို ဝိသုဒ္ဓိမဂ်ကျမ်းက
ဤသို့ မိန့်ဆိုထားပေသည် …
A monk, who attained Arahantship by developing any other subjects of meditation than by
focusing on breath, may be aware of his life term or not. However, the monk who
attained Arahantship by dedicating
himself to the breathing meditation, with its sixteen steps in four tetrads, is surely
able to specify his life term.[10]
ဝင်လေထွက်လေကို ရှုမှတ်ခြင်းထက် အခြားကမ္မဋ္ဌာန်းတစ်ခုခုကို
ပွားများခြင်းဖြင့် ရဟန္တာဖြစ်လာသော ရဟန်းတော်သည် သူ့သက်တမ်းကို သိလျှင်လည်း သိမည်၊
မသိဘဲလည်း ရှိနိုင်သည်။ သို့သော် စတုက္ကလေးပါးလာ အဆင့်ဆယ့်ခြောက်ဆင့်ဖြင့် ဝင်လေထွက်လေကမ္မဋ္ဌာန်းကို
အားထုတ်ခြင်းဖြင့် ရဟန္တာ ဖြစ်လာသော ရဟန်းတော်သည်ကား သူ့အသက်တမ်းကို သေချာပေါက် သတ်မှတ်နိုင်စွမ်းရှိလေသည်။
According
to the Mahāsatipaṭṭhāna Sutta, the
breathing meditation is a kind of kāyānupassanā satipaṭṭhāna. Therefore, as mentioned in Mahāsatipaṭṭhāna Sutta, this practice is
for conquering grief and anguish, for disappearance of misery, for
getting the correct way and for attainment of Nibbāna.[11]
ဝင်လေထွက်လေကမ္မဋ္ဌာန်းသည်
မဟာသတိပဋ္ဌာနသုတ္တန်အရ ကာယာနုပဿနာသတိပဋ္ဌာန်တစ်မျိုးပင်
ဖြစ်လေသည်။ ထို့ကြောင့် ဤ (ဝင်လေထွက်လေကမ္မဋ္ဌာန်း) ကျင့်စဉ်သည် မဟာသတိပဋ္ဌာနသုတ္တန်၌ မိန့်ဆိုထားသည့်အတိုင်း
စိုးရိမ်ပူဆွေးမှု သောကပရိဒေဝတို့ကို ကျော်လွှားလွန်မြောက်နိုင်ဖို့၊ ကိုယ်ဆင်းရဲ-ဒုက္ခ
စိတ်ဆင်းရဲ-ဒေါမနဿတို့ကို ချုပ်ငြိမ်းစေဖို့၊ မှန်ကန်သောလမ်းကြောင်း-အရိယာမဂ်ကို ရနိုင်ဖို့၊
နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ရန် ဖြစ်ပေသည်။
Concerning
the practice of breathing meditation,
in
the Anāpānasati Sutta, the Buddha
openly articulated thus:
ဗုဒ္ဓရှင်တော်သည် အာနာပါနသတိသုတ္တန်၌
ဝင်လေထွက်လေကမ္မဋ္ဌာန်းကျင့်စဉ်နှင့်ပတ်သက်၍ ဤသို့ ပွင့်ပွင့်လင်းလင်း ရှင်းရှင်းပြတ်ပြတ်
မိန့်ဆိုထားပေသည် …
Monks, I do
not declare the development of mindfulness of breathing for one who is
absentminded and unmindful.[12]
ရဟန်းတို့၊ သတိလွတ်ကင်း ဆင်ခြင်နိုင်စွမ်းမရှိသူအား
ဝင်လေထွက်လေသတိပွားများမှုကို
ငါ မဟော။
That
means to pay much more attention purposefully to the breaths, and not to be
reluctant. Hence, an intelligent person who knows the value of mindfulness of
breathing meditation should dedicate himself to it with his best
endeavor as said by Ācariya Buddhaghosa at the end of the
part of Anāpānasatikathā of the Visuddhimagga.
ထိုမိန့်ဆိုတော်မူချက်သည်
ဝင်လေထွက်လေ၌ ဟုတ်ဟုတ်ပတ်ပတ် အာရုံစူးစိုက်မှု ပိုမိုပြုရန် တိုက်တွန်းလိုခြင်းဖြစ်ပြီး၊
စိတ်ပျက်လက်လျှော့ အင်တင်တင်ဖြစ်ရန် ဆိုလိုသည် မဟုတ်ပေ။ ထို့ကြောင့် ဝင်လေထွက်လေကမ္မဋ္ဌာန်း၏
တန်ဖိုးကို ကောင်းစွာသိမြင် ပညာ့ရှင်သည် ဝိသုဒ္ဓိမဂ်ကျမ်း အာနာပါနသတိကထာနိဂုံးတွင် ဆရာမြတ်
အရှင်ဗုဒ္ဓဃောသ မိန့်တော်မူခဲ့သကဲ့သို့ အကောင်းဆုံးကြိုးပမ်းအားထုတ်မှုဖြင့် ထိုကမ္မဋ္ဌာန်းတွင်
မိမိကိုယ်ကို ရင်းနှီးမြုပ်နှံသင့်ကြပါသတည်း။
Dr. Ashin Visarada (Rammavati)
[2] Vism. I 261: Atha vā yasmā idaṃ kammaṭṭhānappabhede
muddhabhūtaṃ sabbaññubuddhapaccekabuddhabuddhasāvakānaṃ visesādhigamadiṭṭhadhammasukha-vihārapadaṭṭhānaṃ
ānāpānassatikammaṭṭhānaṃ.
[3] S. V 326: Sace kho, bhikkhave, aññatitthiyā paribbājakā evaṃ puccheyyuṃ –
‘katamenāvuso, vihārena samaṇo gotamo vassāvāsaṃ bahulaṃ vihāsī’ti, evaṃ puṭṭhā
tumhe, bhikkhave, tesaṃ aññatitthiyānaṃ paribbājakānaṃ evaṃ byākareyyātha –
‘ānāpānassatisamādhinā kho, āvuso, bhagavā vassāvāsaṃ bahulaṃ vihāsī’ti.
[4] Vin. III 70: ‘‘ayampi kho, bhikkhave, ānāpānassatisamādhi
bhāvito bahulīkato santo ceva paṇīto ca asecanako ca sukho ca vihāro
uppannuppanne ca pāpake akusale dhamme ṭhānaso
antaradhāpeti vūpasameti.
[5] S. V 317: Tasmātiha, bhikkhave, bhikkhu cepi ākaṅkheyya – ‘neva me kāyo kilameyya
na cakkhūni, anupādāya ca me āsavehi cittaṃ vimucceyyā’ti, ayameva
ānāpānassatisamādhi sādhukaṃ manasi kātabbo.
[6] SA. III 264: Aṭṭhame neva kāyopi
kilamati na cakkhūnīti aññesu hi kammaṭṭhānesu kammaṃ karontassa kāyopi
kilamati, cakkhūnipi vihaññanti. Dhātukammaṭṭhānasmiñhi kammaṃ karontassa kāyo
kilamati, yante pakkhipitvā pīḷanākārappatto viya hoti. Kasiṇakammaṭṭhāne kammaṃ
karontassa cakkhūni phandanti kilamanti, nikkhamitvā patanākārappattāni viya
honti. Imasmiṃ pana kammaṭṭhāne kammaṃ karontassa neva kāyo kilamati, na
akkhīni vihaññanti. Tasmā evamāha.
[7] S. V 334: ‘‘Ānāpānassatisamādhi kho, bhikkhave, ekadhammo bhāvito bahulīkato
cattāro satipaṭṭhāne paripūreti, cattāro satipaṭṭhānā bhāvitā bahulīkatā satta
bojjhaṅge paripūrenti, satta bojjhaṅgā bhāvitā bahulīkatā vijjāvimuttiṃ
paripūrentī’’ti.
[8] Five lower fetters are: (1)
Sensual lust (Kāmarāgasaṁyojana), (2)
Aversion (Paṭighasaṃyojana), (3)
Wrong view (Diṭṭhisaṃyojana), (4)
Adherence to rites and ceremonies (Silabbataparāmāsasaṃyojana),
and (5) Doubt (Vicikicchāsaṃyojana).
[9] S. V 314: ‘‘Evaṃ bhāvitāya kho, bhikkhave, ānāpānassatiyā evaṃ bahulīkatāya satta
phalā sattānisaṃsā pāṭikaṅkhā. Katame satta phalā sattānisaṃsā? Diṭṭheva dhamme
paṭikacca aññaṃ ārādheti; no ce diṭṭheva dhamme paṭikacca aññaṃ ārādheti. Atha
maraṇakāle aññaṃ ārādheti; no ce diṭṭheva dhamme paṭikacca aññaṃ ārādheti, no ce maraṇakāle aññaṃ ārādheti. Atha pañcannaṃ
orambhāgiyānaṃ saṃyojanānaṃ parikkhayā antarāparinibbāyī hoti…
upahaccaparinibbāyī hoti… asaṅkhāraparinibbāyī hoti… sasaṅkhāraparinibbāyī
hoti… uddhaṃsoto hoti akaniṭṭhagāmī – evaṃ bhāvitāya kho, bhikkhave, ānāpānassatiyā evaṃ bahulīkatāya ime satta
phalā sattānisaṃsā pāṭikaṅkhā’’ti.
[10] Vism. I 283: Ito aññaṃ kammaṭṭhānaṃ bhāvetvā arahattaṃ
pattassa bhikkhuno hi āyuantaraṃ paricchinnaṃ vā hoti aparicchinnaṃ vā. Idaṃ
pana soḷasavatthukaṃ ānāpānassatiṃ bhāvetvā arahattaṃ pattassa āyuantaraṃ
paricchinnameva hoti.
[11] D. II 290: ‘‘Ekāyano ayaṃ, bhikkhave, maggo sattānaṃ visuddhiyā, sokaparidevānaṃ
samatikkamāya dukkhadomanassānaṃ atthaṅgamāya ñāyassa adhigamāya nibbānassa
sacchikiriyāya, yadidaṃ cattāro satipaṭṭhānā.
[12] M. III 85: Nāhaṁ bhikkhave muṭṭhasatissa asampajānassa ānāpānasatiṁ vadhāmi.
No comments:
Post a Comment