In order to practice the breathing meditation
effectively, one has to know the suitable places and postures.
ဝင်လေထွက်လေကမ္မဋ္ဌာန်းကို
ထိရောက်စွာအားထုတ်နိုင်ရန်အတွက် ယောဂီသည် သင့်တော်သော နေရာများနှင့် သင့်လျော်သော ကိုယ်နေဟန်ထားတို့ကို
သိရှိထားသင့်ပေသည်။
4.4.1. Concept of Places
The mindfulness of breathing is the foremost
meditation subject
among the various meditation subjects. And it is the proximate cause for the
attainment of distinction and living peacefully in this very life of all
Buddhas, some Paccekabuddhas and some
Buddhas’ disciples.[1]
For a meditator, this mindfulness of breathing meditation is
not easy to be developed without abandoning a monastery near a village which is
resound with the noise of women, men, elephants, horses and etc. Because, noise
being a thorn to jhāna.[2]
But in a forest away from a village, a meditator can practise this meditation
subject. He can achieve fourfold jhānas
based on mindfulness of breathing and making those jhānā the basis, contemplating formation, he can attain Arahantship, the highest fruit. Therefore, the Buddha indicated to choose the one out of three
places; a forest, under a tree and an empty place, in order to develop this
mindfulness of breathing meditation properly.
၎.၄.၁ နေရာများအပေါ် အမြင်သဘောထားများ
ဝင်လေထွက်လေကမ္မဋ္ဌာန်းသည် ကမ္မဋ္ဌာန်းအစားစားများအနက်
အထင်ရှားဆုံး ကမ္မဋ္ဌာန်း ဖြစ်ပေသည်။ ထို့အပြင် ဘုရားရှင်တိုင်း၊ ပစ္စေကဗုဒ္ဓါအချို့နှင့်
ဗုဒ္ဓ၏သာဝက အချို့တို့အတွက် တရားအထူးကိုရခြင်းနှင့် မျက်မှောက်ဘဝ၌ ချမ်းသာစွာနေရခြင်းငှါ
အနီးစပ်ဆုံးအကြောင်းတရားလည်း ဖြစ်ပေသည်။ ယောဂီတစ်ဦးအတွက် မိန်းမသံ၊ ယောက်ျားသံ၊ ဆင်သံ၊
မြင်းသံ စသည်တို့ဖြင့် ဆူညံလှသော ရွာနီးကျောင်းကို မဖယ်ခွါဘဲ ဤဝင်လေထွက်လေကမ္မဋ္ဌာန်းကို
ပွားများအားထုတ်ရန် မလွယ်ကူပါလေ။ အကြောင်းကား အသံသည် ဈာန်၏ ဆူးငြောင့် ဖြစ်သောကြောင့်ပင်။
သို့ရာတွင် ရွာမှဝေးသော တောအရပ်၌ကား ယောဂီသည် ဤကမ္မဋ္ဌာန်းအကျင့်ကို ကျင့်ကြံနိုင်လေသည်။
သူသည် ဝင်လေထွက်လေကမ္မဋ္ဌာန်းကို အခြေပြု၍ ဈာန်လေးပါးကို တက်လှမ်းပြီးလျှင် ထိုဈာန်လေးပါးကိုပင်
အခြေပြု၍ သင်္ခါရတရားကို သုံးသပ်ပြီးလျှင် အမြတ်ဆုံး ရလာဒ်ဖြစ်သော ရဟန္တာအဖြစ်သို့ ရောက်ရှိနိုင်ပေသည်။
ထို့ကြောင့် မြတ်ဗုဒ္ဓသည် ဤဝင်လေထွက်လေကမ္မဋ္ဌာန်းကို ကောင်းမွန်မှန်ကန်စွာ အားထုတ်နိုင်ရန်အတွက်
တောအရပ်၊ သစ်ပင်အောက်၊ ဆိတ်ငြိမ်ရာအရပ် သုံးခုအနက် တစ်ခုခုကို ရွေးချယ်ရန် ညွှန်ကြားတော်မူခဲ့လေသည်။
According
to the Visuddhimagga,
for the Buddha is like a master of the art of building sites.
A master of art of building sites surveys a proposed site for a town, examines
it well and gives directions, “Build town here,” and when the town is safely
finished, he receives great honour from the royal family. Likewise, the Buddha
examines a suitable dwelling for meditator and he directs, “Devote yourself to
the meditation subject here,’ and later on, when a meditator
has devoted himself to a meditation subject and attains Arahantship gradually, after that the Buddha receives great honour
that, “the Blessed one is indeed the fully enlightened Buddha,” from the
meditator.[3]
ဝိသုဒ္ဓိမဂ်ကျမ်းအလိုအရ ဗုဒ္ဓသည် မြေကြန်အင်လက္ခဏာကို
တတ်ကျွမ်းသောဆရာနှင့် တူတော်မူပေသည်။ မြေကြန်အင်လက္ခဏာကို တတ်ကျွမ်းသောဆရာသည် မြို့တည်ရန်အတွက်
အဆိုပြုထားသောမြေကို ကောင်းစွာကြည့်ရှုစစ်ဆေး၍ “ဤအရပ်၌ မြို့တည်ကြလော့” ဟု ညွှန်ကြားပြီးလျှင်၊
ဘေးကင်းစွာဖြင့် မြို့တည်ဆောက်ပြီးစီးသောအခါ မင်းမျိုးတို့အထံမှ ကြီးစွာသော ပူဇော်သက္ကာရကို
ရရှိလေသည်။ ထို့အတူပင် ဘုရားရှင်သည် ယောဂီအတွက် သင့်လျော်သော ကျောင်းနေရာကို ကြည့်ရှုစစ်ဆေးတော်မူ၍
“ဤနေရာ၌ ကမ္မဋ္ဌာန်းကို အားထုတ်လေ” ဟု ညွှန်ကြားတော်ပြီးလျှင်၊ နောင် ယောဂီသည် ကမ္မဋ္ဌာန်းကို
အားထုတ်၍ ရဟန္တာအဖြစ်သို့ တစ်ဆင့်ပြီးတစ်ဆင့် ရောက်ရှိသောအခါ “ဘုန်းတော်ကြီးတော်မူသော
မြတ်စွာဘုရားသည် အမှန်စင်စစ် သဗ္ဗညုတဉာဏ်တော်ရှင် မြတ်ဗုဒ္ဓဖြစ်တော်မူပေသည်” ဟု ယောဂီ၏အထံမှ
မြတ်သောချီးကျူးပူဇော်မှုကို မြတ်ဗုဒ္ဓ ရရှိတော်မူပေသည်။
And for the meditator is like a leopard. The
great leopard king conceals himself in a grass wilderness or a jungle
wilderness or a mountain wilderness in the forest and catches wild beasts –
wild buffalo, wild ox, pig, and etc. Likewise, a meditator who devotes himself
to his meditation subject in a forest and so on, seizes the paths of
stream-entry, once-return, non-return, and Arahantship
and as well as the noble fruition.[4]
ယောဂီသည်ကား ကျားသစ်နှင့် တူလေသည်။
ကျားသစ်မင်းသည် မြက်တော၌လည်းကောင်း၊ သစ်တော၌လည်းကောင်း၊ တောတောင်၌လည်းကောင်း ပုန်းအောင်းပြီးလျှင်
ကျွဲရိုင်း၊ နွားရိုင်း၊ တောဝက် အစရှိသည့် တောကောင်ကြီးများကို ဖမ်းဆီး၏။ ထို့အတူ တောအရပ်စသည်၌
ကမ္မဋ္ဌာန်းတရားကို အားထုတ်နေသော ယောဂီသည် သောတာပတ္တိမဂ်၊
သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ် နှင့် အရဟတ္တဖိုလ်တို့ကို ဖမ်းယူလေသည်။
Among said three places, according to the Paṭisambhidāmagga, a forest means the
place where there is beyond the boundary pillar of a village or a city.[5]
According to the Vinaya, a forest
means any kinds of forests which are five hundred bow-lengths distant at least
from a village or a city.[6]
‘Under a tree’ means ‘near a tree’ or ‘vicinity of a tree’. An empty place
means an empty, secluded space. But wherever it is, the most
important thing is to be a silent place for practice.
ဆိုခဲ့ပြီးသော နေရာသုံးခုတွင် ပဋိသမ္ဘိဒါမဂ်ပါဠိတော်အရ
‘တောအရပ်’ ဟူသည် ရွာတံခါးတိုင် (သို့မဟုတ်) မြို့တံခါးတိုင်၏ ပြင်ပအရပ်ကို ဆိုလိုသည်။
ဝိနည်းပါဠိတော်အလိုအရမူ ရွာ (သို့မဟုတ်) မြို့မှ အနည်းဆုံး ကုလလေးတာ ငါးရာအကွာ၌ရှိသော မည်သည့်တောအရပ်ကိုမဆို ‘တောအရပ်’ ဟု ဆိုလိုပေသည်။
‘သစ်ပင်အောက်’ ဟူသည် သစ်ပင်အနီး (သို့မဟုတ်) သစ်ပင်ဝန်းကျင်ကို ဆိုလိုသည်။ ဆိတ်ငြိမ်ရာအရပ်ဟူသည်ကား
လူမရှိရာနေရာ၊ လူသူကင်းဝေးရာ နေရာလွတ်ကို ဆိုလိုသည်။ သို့သော် (တောအရပ်၊ သစ်ပင်ရင်း၊
ဆိတ်ငြိမ်ရာအရပ် သုံးမျိုးတွင်) မည်သည့်နေရာပင်ဖြစ်ပါစေ အရေးအကြီးဆုံးသည်ကား တရားအားထုတ်နိုင်ဖို့
အသံတိတ်ဆိတ်သည့် နေရာမျိုးဖြစ်ရန်ပင် ဖြစ်လေသည်။
Therefore, in the Visuddhimagga,
the eighteen kinds of unsuitable dwellings for a meditator has been expressed
as follows: (1) largeness, (2) newness, (3) dilapidation, (4) a nearby road,
(5) having a pool, (6) proximity to a plantation of herbs, (7) proximity to a
plantation of flowers, (8) proximity to a plantation of fruits, (9) famousness,
(10) a nearby city, (11) a nearby timber trees, (12) a nearby arable fields,
(13) presence of persons of different views, (14) a nearby port of entry, (15)
nearness to the border countries, (16) nearness to the frontier of a kingdom,
(17) unsuitableness, (18) lack of good friends.[7]
Although there are diverse reasons in each dwelling, the common reasons of
unsuitability of all these dwellings for meditator are noisy, having many
activities, having disturbance and lack of good friends.
ထို့ကြောင့် ဝိသုဒ္ဓိမဂ်ကျမ်း၌ ယောဂီအတွက်
မသင့်လျော်သော ကျောင်း (၁၈) မျိုးကို အောက်ပါကဲ့သို့ ပြဆိုထားလေသည် … (၁) ကြီးလွန်းသောကျောင်း၊
(၂) အသစ်ဖြစ်သောကျောင်း၊ (၃) ကျောင်းအိုကျောင်းဆွေး၊ (၄) လမ်းခရီးနှင့် နီးသောကျောင်း၊
(၅) ရေတွင်းရေကန် ရှိသောကျောင်း၊ (၆) ဟင်းရွက်တောနှင့်နီးသောကျောင်း၊ (၇) ပန်းဥယျာဉ်နှင့်
နီးသောကျောင်း၊ (၈) သစ်သီးခြံနှင့် နီးသောကျောင်း၊ (၉) နာမည်ကြီးသောကျောင်း၊ (၁၀) မြို့ကြီးကိုမှီသောကျောင်း၊
(၁၁) သစ်တောဝါးတောကိုမှီသောကျောင်း၊ (၁၂) လယ်ခင်းယာခင်းကိုမှီသောကျောင်း၊ (၁၃) အယူဝါဒမတူမျှသူတို့နေသောကျောင်း၊
(၁၄) ဆိပ်ကမ်းနားနီးသောကျောင်း၊ (၁၅) ပစ္စန္တရာဇ်ကိုမှီသောကျောင်း (၁၆) နယ်စပ်ဒေသကိုမှီသောကျောင်း၊
(၁၇) မလျောက်ပတ်မသင့်လျော်သောကျောင်း၊ (၁၈) အဆွေခင်ပွန်းကောင်းကိုမရနိုင်သောကျောင်း။
ကျောင်းတိုင်းကျောင်းတိုင်းတွင် မတူကွဲပြားသော အကြောင်းပြချက်များရှိနေကြပါသော်လည်း
ယောဂီအတွက် ဤကျောင်းများ၏ မသင့်လျော်မလျောက်ပတ်သော တူညီသည့်အကြောင်းတရားများမှာ ဆူညံခြင်း၊
အမှုကိစ္စများပြားခြင်း၊ အနှောင့်အယှက်များပြားခြင်း နှင့် မိတ်ဆွေကောင်းများ မရှိခြင်းတို့ပင်ဖြစ်လေသည်။
In
the Senāsana sutta of the Aṅguttara-nikāya, the suitable dwelling
which is endowed with five qualities for a meditator has been said by the
Buddha.
The five qualities of suitable dwelling are as follows:
(1) A
dwelling is neither too far nor too near, and has a path for going and coming.
(2) It
is not crowded in day and few voices at night.
(3) There
is little contact with gnats, flies, wind, heat and creeping creatures.
(4) One
who lives in that dwelling easily gets robes, alms food, dwelling, and
medicine.
(5) In
that dwelling there are senior monks who are wide of knowledge, versed in the
scriptures, observers of the Dhamma, observers of
the Vinaya, observers of the Codes (mātikā), and when one asks them
questions time to time, ‘How is this, venerable sir? What is the meaning of
this?’ then those venerable ones reveal the unrevealed, explain the
unexplained, and remove doubt from various doubtful points.[8]
These
are the five qualities of suitable dwelling for a meditator.
အင်္ဂုတ္တရနိကာယ်၊ သေနာသနသုတ္တန်၌ ယောဂီအတွက်
သင့်လျော်သော အင်္ဂါငါးပါးနှင့်ပြည့်စုံသည့် ကျောင်းနေရာကို ဘုရားမြတ်စွာ မိန့်ကြားတော်မူခဲ့ပေသည်။
သင့်လျော်လျောက်ပတ်သည့်ကျောင်း၏ အင်္ဂါရပ်ငါးပါးမှာ အောက်ပါကဲ့သို့ ဖြစ်ပေသည် …
(၁) ကျောင်းသည် ဝေးလည်းမဝေးလွန်း၊ နီးလည်းမနီးလွန်း၊
သွားလမ်းလာလမ်းလည်းရှိ၏။
(၂) နေ့အခါ လူမထူထပ်၊ ညဉ့်အခါ လူသံဆိတ်၏။
(၃) မှက်၊ ခြင်၊ လေ၊ နေပူ၊ မြွေ ကင်း
သန်းတို့ အတွေ့အထိ နည်းပါး၏။
(၄) ထိုကျောင်း၌နေသူသည် သင်္ကန်း၊ ဆွမ်း၊
ကျောင်း၊ ဆေးတို့ကို ရလွယ်၏။
(၅) ထိုကျောင်း၌ အကြားအမြင်များသော၊
ပါဠိတော်ကို နှုတ်ငုံဆောင်သော၊ သုတ္တန် အဘိဓမ္မာကိုဆောင်သော၊ ဝိနည်းကိုဆောင်သော၊ မာတိကာကိုဆောင်သော
မထေရ်ကြီးတို့ရှိကြပြီးလျှင်၊ ရံဖန်ရံခါ ထိုမထေရ်ကြီးတို့ကို “အရှင်ဘုရား၊ ဤတရားကား
အဘယ်သို့ပါနည်း၊ ဤတရား၏ အနက်အဓိပ္ပါယ်ကား အဘယ်သို့ပါနည်း” ဟု တစ်စုံတစ်ယောက်က မေးသောအခါ
ထိုမထေရ်ကြီးတို့သည် မဖွင့်သည်ကို ဖွင့်ပြကြ၏၊ မရှင်းလင်းသည်ကို ရှင်းပြကြ၏၊ များပြားစွာသော
ယုံမှားစရာတို့မှ ယုံမှားသံသယကို ပယ်ဖျောက်ပေးကြကုန်၏။
ဤသည်တို့ကား ယောဂီအတွက် လျောက်ပတ်သောကျောင်း၏
အင်္ဂါရပ်ငါးမျိုးပင် ဖြစ်ပေသည်။
Indeed,
among the three places, wherever it is, it should be supportive place for
meditator by being bodily detachment (kāyaviveka),
i.e., dissociating oneself from companions, colleagues and society, abiding in
solitude free from alluring sense-objects. Because, mental detachment (cittaviveka), i.e., attaining the eight
stages of jhāna against the mental defilements is caused by
the bodily detachment. Then, mental detachment supports detachment from
clinging to rebirth (upadhiviveka)
that Nibbāna.
That means even in a forest or under a tree or anywhere else, it should be an
empty place or the place which can cause bodily detachment for practice.
စင်စစ်ကား (တောအရပ်၊ သစ်ပင်ရင်း၊ ဆိတ်ငြိမ်ရာအရပ်ဟူသော)
ဤနေရာသုံးမျိုးတွင် မည်သည့်နေရာပင်ဖြစ်ပါစေ၊ ထိုအရပ်သည် ကိုယ်အားဖြင့် ကင်းဆိတ်ခြင်း
(ကာယဝိဝေက) ဖြင့် ယောဂီကို ထောက်ပံ့ပေးသော နေရာမျိုး ဖြစ်သင့်ပေသည်။ ကိုယ်အားဖြင့်ကင်းဆိတ်ခြင်း
ကာယဝိဝေကဟူသည် ဥပမာအားဖြင့် အပေါင်းအသင်းများ၊ လုပ်ဖော်ကိုင်ဖက်များ၊ လူ့မှုအဖွဲ့အစည်းများနှင့်
မပတ်သက်ဘဲနေခြင်း၊ ဆွဲဆောင်မှုရှိသော အာရုံတရားတို့မှ ဖယ်ခွာ၍ လူသူကင်းဝေးရာ၌ စွဲမြဲစွာနေခြင်းမျိုးတို့ဖြစ်သည်။
အကြောင်းမှာ စိတ်၏ကင်းဆိတ်ခြင်း (စိတ္တဝိဝေက)၊ ဥပမာအားဖြင့် - ကိလေသာနီဝရဏတို့ကို ဆန့်ကျင်၍
ရှစ်ရပ်သောဈာန်သမာပတ်သို့ တက်ရောက်ခြင်းသည် ကာယဝိဝေကကို အကြောင်းခံသောကြောင့် ဖြစ်လေသည်။
ထို့အပြင် စိတ်၏ (ကိလေသာနီဝရဏတို့မှ) ကင်းဆိတ်ခြင်းသည် ဘဝသစ်မွေးဖွားမှု၌ ကပ်ငြိခြင်းမှ ကင်းဆိတ်ခြင်း (ဥပဓိဝိဝေက) (ခေါ်) နိဗ္ဗာန်ကို ထောက်ပံ့ပြန်လေသည်။
ဆိုလိုသည်မှာ တောတောင်ထဲ (သို့မဟုတ်) သစ်ပင်ရင်း (သို့မဟုတ်) အခြားမည်သည့်နေရာ၌ပင်ဖြစ်ပါစေ၊
ထိုနေရာသည် တရားအားထုတ်ရန်အတွက် တိတ်ဆိတ်သောနေရာ (သို့မဟုတ်) ကိုယ်အားဖြင့်ကင်းဆိတ်သောနေရာမျိုး
ဖြစ်သင့်လေသည်။
After choosing the suitable place,
meditator should serve the minor impediments such as cutting long hair, nails
and body hair, mending and patching old robes, dying robes these are soiled,
baking flawed bowl, cleaning bed, chair and etc., up.[9]
သင့်လျော်လျောက်ပတ်သောနေရာကို ရွေးချယ်ပြီးနောက်၊
ယောဂီသည် ဆံပင်ညှပ်ခြင်း၊ ခြေသည်းလက်သည်းလှီးခြင်း၊ မုတ်ဆိတ်ရိတ်ခြင်း၊ ဟောင်းနွမ်းဆွေးမြေ့နေသောအဝတ်သင်္ကန်းတို့ကို ဖာထေး
ချုပ်စပ်ခြင်း၊ ချို့ယွင်းနေသောသပိတ်ကို မီးဖုတ်ခြင်း၊ ကုတင် ကုလားထိုင်စသည်တို့ကို
ရှင်းလင်းခြင်းစသော အနှောင့်အယှက် ပလိဗောဓအသေးစားများကို ဆောင်ရွက်သင့်ပေသည်။
Dr. Ashin Visarada (Rammavati)
[1] Vism. I 261: Atha vā yasmā idaṃ kammaṭṭhānappabhede
muddhabhūtaṃ sabbaññubuddhapaccekabuddhabuddhasāvakānaṃ visesādhigamadiṭṭhadhammasukha-vihārapadaṭṭhānaṃ
ānāpānassatikammaṭṭhānaṃ.
[2] Ibid., 261: ānāpānassatikammaṭṭhānaṃ itthipurisahatthiassādisaddasamākulaṃ gāmantaṃ
apariccajitvā na sukaraṃ bhāvetuṃ, saddakaṇṭakattā jhānassa.
[3] Ibid., 261: Vatthuvijjācariyo viya hi bhagavā, so yathā vatthuvijjācariyo
nagarabhūmiṃ passitvā suṭṭhu upaparikkhitvā ‘‘ettha nagaraṃ māpethā’’ti
upadisati, sotthinā ca nagare niṭṭhite rājakulato mahāsakkāraṃ labhati, evameva
yogāvacarassa anurūpasenāsanaṃ upaparikkhitvā ‘‘ettha kammaṭṭhānaṃ
anuyuñjitabba’’nti upadisati, tato tattha kammaṭṭhānaṃ anuyuttena yoginā kamena
arahatte patte ‘‘sammāsambuddho vata so bhagavā’’ti mahantaṃ sakkāraṃ labhati.
[4] Ibid., 261: Ayaṃ pana bhikkhu dīpisadisoti vuccati. Yathā hi mahādīpirājā araññe tiṇagahanaṃ
vā vanagahanaṃ vā pabbatagahanaṃ vā nissāya nilīyitvā vanamahiṃsagokaṇṇasūkarādayo
mige gaṇhāti, evameva ayaṃ araññādīsu kammaṭṭhānaṃ anuyuñjanto bhikkhu
yathākkamena sotāpattisakadāgāmianāgāmiarahattamagge ceva ariyaphalañca gaṇhatīti
veditabbo.
[5] Pṭsm. I 177: Araññanti nikkhamitvā bahi indakhīlā sabbametaṃ araññaṃ.
[6] Vin. III 263: āraññakaṃ nāma senāsanaṃ pañcadhanusatikaṃ pacchimaṃ.
[7] Vism. I 115: Tatrime aṭṭhārasa dosā – mahattaṃ, navattaṃ,
jiṇṇattaṃ, panthanissitattaṃ, soṇḍī, paṇṇaṃ, pupphaṃ, phalaṃ, patthanīyatā,
nagarasannissitatā, dārusannissitatā, khettasannissitatā, visabhāgānaṃ
puggalānaṃ atthitā, paṭṭanasannissitatā, paccantasannissitatā,
rajjasīmasannissitatā, asappāyatā, kalyāṇamittānaṃ alābhoti imesaṃ aṭṭhārasannaṃ
dosānaṃ aññatarena dosena samannāgato ananurūpo nāma.
[8] A. V 15: Idha, bhikkhave, senāsanaṃ nātidūraṃ hoti nāccāsannaṃ
gamanāgamanasampannaṃ divā appākiṇṇaṃ rattiṃ appasaddaṃ appanigghosaṃ appaḍaṃsamakasavātātapasarīsapa-samphassaṃ
tasmiṃ kho pana senāsane viharantassa appakasirena uppajjanti cīvarapiṇḍapātasenāsanagilānapaccayabhesajjaparikkhārā;
tasmiṃ kho pana senāsane therā bhikkhū viharanti bahussutā āgatāgamā
dhammadharā vinayadharā mātikādharā; te kālena kālaṃ upasaṅkamitvā
paripucchati paripañhati – ‘idaṃ, bhante, kathaṃ, imassa ko attho’ti; tassa te
āyasmanto avivaṭañceva vivaranti anuttānīkatañca uttāniṃ karonti anekavihitesu
ca kaṅkhāṭhāniyesu dhammesu kaṅkhaṃ paṭivinodenti. Evaṃ kho, bhikkhave,
senāsanaṃ pañcaṅgasamannāgataṃ hoti.
[9] Vism. I 119: evaṃ patirūpe vihāre viharantena yepissa te
honti khuddakapalibodhā, tepi upacchinditabbā. Seyyathidaṃ, dīghāni
kesanakhalomāni chinditabbāni. Jiṇṇacīvaresu daḷhīkammaṃ vā tunnakammaṃ vā
kātabbaṃ. Kiliṭṭhāni vā rajitabbāni. Sace patte malaṃ hoti, patto pacitabbo.
Mañcapīṭhādīni sodhetabbānīti.
4 comments:
Titanium chain | Tithony, Canada
Tithony chain. Titanium titanium meaning chain. Tithony chain. $9.99. Tithony chain. titanium nitride $14.99. Tithony chain. $14.99. Tithony chain. $24.99. Tithony chain. $18.99. Tithony titanium necklace mens chain. $26.99. Tithony chain. $35.99. titanium white wheels Tithony chain. $42.99. Tithony titanium ingot chain. $55.
c560t9ljrwk596 horse dildo,sex toys,vibrators,finger vibrator,vibrating dildos,Wand Massagers,dildos,sex chair,Discreet Vibrators r554v8fxjjw046
w704j7rsszi108 Clitoral Vibrators,horse dildo,wholesale sex toys,horse dildos,Male Masturbators,finger vibrator,small dildo,sex toys,Male Masturbators s352c0mcrjt774
kx588 gabor buty,groundies schuhe,danner obuv,footjoy nederland,vivobarefoot shoes,timberland cipele,vionicskor,etnies boty pánské,vionicshoesportugal hq739
Post a Comment