Sunday, February 25, 2018

ပရိတ်တော် အမေးအဖြေ လင်္ကာများ



 အရှင်ဝိသာရဒ (ရမ္မာဝတီ) က မေးမြန်း၍  ဒွါရာဝတီအရှင်ကုသလ (ငွေသဇင်-သံတွဲ) က ပြန်လည်ဖြေဆိုသော ပရိတ်တော်အမေးအဖြေ လင်္ကာများဖြစ်ပါသည်။


"မင်္ဂလသုတ်ပရိတ်တော် အမေး"

ထင်သော်လည်း ထင်သော်
မင်္ဂလာ ထိုသဘောကို
စောကြောမပေါ်။

နတ်လူတို့ ငြင်းခုံသော်
နတ်အကျော် မနေအား၊
ဘုရားထံ အရောက်သွားလို့
ကြားလျှောက်ညွတ်တွား။

မြတ်ဘုရား မိန့်တော်မူ
အကုသိုလ် ဖိန့်တုန်ရှားတဲ့
တရားမှန်ကူ၊
မင်္ဂလာလို့အမှန်ယူ
နတ်လူတို့ ကျင့်စေသား။

ဘယ်နှစ်ပါး အမြင်ကူပါမှ
မင်္ဂလာ အယူမြောက်ပါ့မယ်
မြတ်မဉ္ဇူ ပရိတ်ပန်းကို
မြန်းဆင်ဖို့ကြား။

ရိုသေစွာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)
22/ 02/ 2018
........................

"မင်္ဂလသုတ်ပရိတ်တော် အဖြေ"

* ထင်သော်လည်း ထင်သော်။
မင်္ဂလာ ထိုသဘောကို
စောကြောမပေါ်။
နတ်လူတို့ ငြင်းခုံသော်
နတ်အကျော် မနေအား။
ဘုရားထံ အရောက်သွားလို့
ကြားလျှောက်ညွတ်တွား။

*မြတ်ဘုရား မိန့်တော်မူ။
အကုသိုလ် ဖိန့်တုန်ရှားတဲ့
တရား မှန်ကူ။
မင်္ဂလာလို့ အမှန်ယူ
နတ်လူတို့ကျင့်စေသား။
သုံးဆယ့်ရှစ်ဖြာ အမြင်ကူပါမှ
မင်္ဂလာ အယူမြောက်ပါလိမ့်
သူသူငါ မင်္ဂလပရိတ်ပန်းကိုဖြင့်
မြန်းဆင် လို့ထား။ ။

ငွေသဇင်(သံတွဲ)
22/ 02/ 2018

No comments: