Friday, July 10, 2020

Process of Nimitta in Breathing Meditation (ဝင်လေထွက်လေကမ္မဋ္ဌာန်း၌ နိမိတ်ဖြစ်စဉ်)

In Myanmar Buddhist tradition, most Buddhists take eight precepts a day per week. After taking the precepts, they listen to the Dhamma talk given by a monk. Then, they engage in any of meditation subjects, especially Buddhā-nusati or ānāpānasati or vipassanā meditation subject almost the whole day at a monastery. 

မြန်မာ့ဗုဒ္ဓဘာသာ အစဉ်အလာတွင် ဗုဒ္ဓဘာသာဝင်အများစုသည် တစ်ပတ်လျှင်တစ်ရက် ရှစ်ပါးသီလဆောက်တည်လေ့ရှိကြ၏။ ရှစ်ပါးသီလဆောက်တည်ပြီးနောက် ရဟန်းတော်တစ်ပါးပါး ဟောကြားသော တရားဓမ္မကို နာယူလေ့ရှိကြ၏။ ထို့နောက် ကမ္မဋ္ဌာန်းတစ်ခုခုကို အားထုတ်လေ့ရှိကြ၏။ အထူးသဖြင့် ဘုန်းတော်ကြီးကျောင်းတွင် ဗုဒ္ဓါနုဿတိ၊ အာနာပါနဿတိ (သို့မဟုတ်) ဝိပဿနာကမ္မဋ္ဌာန်းကို တစ်နေကုန်နီးပါး ရှုမှတ်အားထုတ်လေ့ ရှိကြလေသည်။ 

Among them, in this chapter, Buddhā-nusati and vipassanā meditation subjects will be skipped because they are not concerned with the process of three kinds of samatha nimittas. Only ānāpānassati meditation subject will be emphasized from the historical background to the process of nimittas. 

 ထိုကမ္မဋ္ဌာန်းများထဲမှ ဗုဒ္ဓါနုဿတိနှင့် ဝိပဿနာကမ္မဋ္ဌာန်းတို့မှာ သမထနိမိတ်သုံးမျိုး အဆင့်ဆင့် တိုးတက်မှုနှင့် သက်ဆိုင်ခြင်းမရှိသဖြင့် ၎င်းကမ္မဋ္ဌာန်းတို့ကို ဤကဏ္ဍတွင် မဖော်ပြဘဲ ချန်လှပ် ထားခဲ့မည်ဖြစ်ပါသည်။ အာနာပါနကမ္မဋ္ဌာန်းတစ်ခုတည်းကိုသာ နောက်ခံသမိုင်းကြောင်းမှသည် နိမိတ်သုံးမျိုး အဆင့်ဆင့်တိုးတက်ပုံအထိ အလေးအနက် ဖော်ပြသွားမည် ဖြစ်ပါသည်။ 

 4.1. The History of Buddhist Breathing Meditation (Ᾱnāpānasati) 

  The breathing meditation (ānāpānasati) is a samatha meditation subject of Buddhists. But it can be doubt that it might be influenced by other religions because there were many religious practitioners before the Buddha in India, and even the Bodhisattha himself also got into meditation technique under the guideline of recluses namely Ālāra Kālāma and Udaka at the beginning of his renouncing royal life. Indeed, even he undertook some meditation techniques under the guideline of these recluses, it can be definitely said that the Buddhist breathing meditation technique was not influenced by other religions according to some Pali texts.  

၎.၁ ဗုဒ္ဓဘာသာဝင်တို့၏ ဝင်လေထွက်လေကမ္မဋ္ဌာန်းသမိုင်း  

ဝင်လေထွက်လေကမ္မဋ္ဌာန်း (အာနာပါနသတိ) သည် ဗုဒ္ဓဘာသာဝင်တို့၏ သမထကမ္မဋ္ဌာန်းတစ်ခု ဖြစ်ပါသည်။ သို့ရာတွင် အိန္ဒိယ၌ ဗုဒ္ဓမပေါ်ထွန်းခင်ကပင် ဘာသာရေးကျင့်စဉ်များကို ကျင့်ကြံကြသူ များစွာရှိနှင့်နေခဲ့ကြခြင်းနှင့် ဘုရားလောင်းကိုယ်တော်တိုင်ပင်လျှင် နန်းစည်းစိမ်ကို စွန့်ခွါခါစ ကနဦးကာလ၌ အာဠာရကာဠာမ နှင့် ဥဒက ဟုအမည်ရသော ရသေ့ဆရာကြီးတို့ထံ တရားအားထုတ်နည်းများကို နည်းခံကျင့်သုံးခဲ့သေးလေရာ ဗုဒ္ဓဘာသာဝင်တို့၏ ဝင်လေထွက်လေကမ္မဋ္ဌာန်းသည် အခြားဘာသာတရားများ၏ သြဇာလွှမ်းမိုးမှု ရှိကောင်းရှိနိုင်သည်ဟု သံသယဖြစ်ဖွယ် ရှိနေပေသည်။ စင်စစ်တွင် ဘုရားလောင်းသည် ထိုရသေ့ဆရာကြီးတို့ထံ နည်းခံကျင့်ကြံခဲ့သေးသည် မှန်သော်လည်း၊ ဗုဒ္ဓဘာသာဝင်တို့၏ ဝင်လေထွက်လေကမ္မဋ္ဌာန်းသည် အခြားဘာသာတရားများ၏ လွှမ်းမိုးမှုကို ခံခဲ့ရခြင်းမရှိကြောင်း အချို့သော ပါဠိစာပေများအရ တပ်အပ်ကျ ပြောဆိုနိုင်ပေသည်။ 

 In the commentary of the Majjima-nikāya, it was already documented about the unprecedented breathing mediation of Prince Gautama. Once he was taken along with his father, King Suddhodana, to the ploughing festival held in the Kingdom of Kapilavattu. While the king was ploughing, the young prince was kept safely under the cool shade of a big rose-apple tree with the maids. 

မဇ္ဈိမနိကာယ အဋ္ဌကထာတွင် သိဒ္ဓတ္ထမင်းသားလေး၏ မကြုံစဖူး ထူးကဲလှသော ဝင်လေထွက်လေ ကမ္မဋ္ဌာန်းအကြောင်းကို မှတ်တမ်းတင်ထားခဲ့ပေသည်။ တစ်ခါသော် သိဒ္ဓတ္ထမင်းသားသည် ကပိလဝတ်ပြည်၌ ကျင်းပသော သူ့ဖခင် ဘုရင်သုဒ္ဓေါဒန လယ်ထွန်မင်္ဂလာပြုရာသို့ ခေါ်ဆောင်သွားခြင်း ခံရလေသည်။ ဘုရင် လယ်ထွန်မင်္ဂလာပြုနေစဉ် မင်းသားငယ်ကို အထိန်းတော်များနှင့်အတူ သပြေပင်ကြီးတစ်ပင်၏ အရိပ်အေးအေးတွင် လုံခြုံစိတ်ချစွာ ထားရှိကြလေသည်။ 

At the time of height of gaiety of occasion, the maids sneaked out to catch sight of the glorious festival scene. Left alone, the Bodhisatta, meanwhile, quickly sat up in the lotus position and started engaging himself in breathing meditation. Thereby he attained the first jhāna. It was the pure origin of Buddhist breathing meditation, under no other religions’ impact. 

 ပျော်ပွဲသဘင် အထွဋ်အထိပ်သို့ ရောက်ချိန်တွင်မူ အထိန်းတော်များသည် ပွဲတော်ကို ကြည့်ရှုခြင်းငှါ ခိုးထွက်သွားကြလေသည်။ ဘုရားလောင်းသည် တစ်ဦးတည်းကျန်ခဲ့စဉ်အတွင်း လျင်မြန်စွာထ၍ ထက်ဝယ်ဖွဲ့ခွေထိုင်လိုက်ပြီးလျှင် ဝင်လေထွက်လေကမ္မဋ္ဌာန်းကို စတင်အားထုတ်ခဲ့သည်။ ထိုသို့ဖြင့် သူသည် ပထမဈာန်အဆင့်အထိ ရောက်ရှိခဲ့လေသည်။ ထိုကမ္မဋ္ဌာန်းကား အခြားမည်သည့်ဘာသာရေးသက်ရောက်မှုမဆိုမှ လွတ်ကင်းသည့် ဗုဒ္ဓဘာသာဝင်တို့၏ စင်ကြယ်ရှင်းသန့်သော မူလဘူတ ဝင်လေထွက်လေကမ္မဋ္ဌာန်းပင် ဖြစ်ခဲ့လေသည်။ 

At the age of twenty-nine, after renunciation of the royal life, Prince Gautama initially approached the distinguished hermit Ᾱlāra Kālāma and leant his doctrine and practice. He easily attained the seven mundane absorptions (up to ākin͂can͂n͂āyatana jhāna). However, he soon found out the defect, that is, the dogma of Ᾱlāra Kālāma could not lead to the highest truth, Nibbāna, and thus he departed from this sect-leader. 

သိဒ္ဓတ္ထမင်းသားသည် ထီးနန်းစည်းစိမ်ကို စွန့်ခွါပြီးနောက် သက်တော် (၂၉) နှစ်အရွယ်တွင် ကျော်ကြားထင်ရှားသော ရသေ့ဆရာကြီး အာဠာရကာလာမထံ ဦးစွာချည်းကပ်ပြီးလျှင် ထိုရသေ့ကြီး၏ အယူဝါဒနှင့် ကျင့်စဉ်ကို သင်ယူခဲ့သည်။ သူသည် လောကီဈာန်ခုနစ်ပါး (အာကိဉ္စညာယတနဈာန်အထိ) သို့ လွယ်လင့်တကူ တက်လှမ်းနိုင်ခဲ့သည်။ သို့ရာတွင် ရသေ့ဆရာ အာဠာရကာလာမ၏ အယူဝါဒသည် အမြင့်ဆုံးသစ္စာ နိဗ္ဗာန်တရားသို့ရောက်အောင် မစွမ်းဆောင်နိုင်ကြောင်း အားနည်းချက်ကို မကြာမတင် တွေ့မြင်ခဲ့ပြီးလျှင် ဤဂိုဏ်းဆရာကြီးကို စွန့်ခွါခဲ့လေသည်။ 

 Then on seeking for the bliss of Nibbāna, he met the other famous ascetic Udaka and practiced his doctrine. Before long, he gained the eight mundane absorptions (up to nevasan͂n͂ā-nāsan͂n͂āyatana jhāna). Yet, he was not satisfied with that attainment because of realizing the fact that the doctrine of Udaka is not the right way to achieve cessation of suffering. Then, he left the recluse and stayed in the Uruvelā forest to undertake his own meditation. 

 ထို့နောက် သူသည် အမြတ်ဆုံးနိဗ္ဗာန်ချမ်းသာကို ရှာဖွေရင်း အခြားထင်ရှားသည့် ရသေ့ဆရာကြီးဥဒကနှင့် ဆုံတွေ့ခဲ့ရပြန်သည်။ မကြာမတင်ပင်လျှင် လောကီဈာန်ရှစ်ပါး (နေဝသညာနာသညာယတနဈာန် အထိ) လှမ်းတက်နိုင်ခဲ့သည်။ သို့သော် ဥဒက၏ အယူဝါဒသည် ဒုက္ခလွတ်ရာကို ရရှိနိုင်လောက်သည့် လမ်းကြောင်းမှန်မဟုတ်သေးကြောင်း သဘောပေါက် လာသောကြောင့် ထိုအောင်မြင်မှုမျှဖြင့် သူ ကျေနပ်မနေခဲ့ပေ။ ထို့နောက် သူသည် ရသေ့ကြီးကို စွန့်ခွါခဲ့ပြီးလျှင် သူ၏ကိုယ်ပိုင် ကမ္မဋ္ဌာန်းကို ကျင့်သုံးရန်အတွက် ဥရောဝေလတောတွင် နေထိုင်ခဲ့လေသည်။ 

The Bodhisatta practised very difficult exercises so called dhukkaracariyā about six years. During this period, due to having very little food, his body became extremely emaciated, his limbs became like the stem of water convolvulus vine or of moonseed vine, his buttock became like a camel’s hoof, his backbone stood out like a string of beads, his ribs stuck out like chaotic rafters of an old shed, his eyes was haggard like shallow water in a deep well, his scalp shriveled like a green bitter gourd which is shriveled by heat and wind. He had held his backbone when he touched with the thought of touching his belly, he had held his belly when he touched with the thought of touching his backbone, and his belly came closer to backbone. When he tried to urinate or defecate, he fell over right there. When he stroked his body, the rotted roots of body hair fell out. 

ဘုရားအလောင်းတော်သည် ဒုက္ကရစရိယာဟုခေါ်သော အလွန်ခက်ခဲသည့် ကျင့်စဉ်များကို ခြောက်နှစ်ခန့်မျှ ကျင့်ကြံတော်မူခဲ့သည်။ ထိုအတောအတွင်းတွင် အစာအာဟာရနည်းပါးမှုကြောင့် သူ့ကိုယ်ခန္ဓာသည် အလွန်အမင်း ပိန်ချုံ့ချည့်နဲ့လာခဲ့၏။ သူ၏ အင်္ဂါကြီးငယ်တို့သည် ကန်စွန်းနွယ်၏ ရိုးတံဆစ် (သို့မဟုတ်) နွယ်ပုပ် နွယ်ငန်းတို့၏ ရိုးတံဆစ်တို့ကဲ့သို့လည်းကောင်း ဖြစ်လာခဲ့သည်။ သူ၏ တင်ပါးဆုံသည် ကုလားအုတ်၏ခွာကဲ့သို့ ဖြစ်လာခဲ့သည်။ သူ့ ကျောကုန်းရိုးသည် ပုတီးကုန်းကဲ့သို့ ဖြစ်ပေါ်လာခဲ့သည်။ သူ့ နံရိုးတို့သည် ဇရပ်အို၏ ဖရိုဖရဲဖြစ်နေသော အခြင်တို့ကဲ့သို့ ဖြစ်လာခဲ့သည်။ သူ့ မျက်လုံးတို့သည် နက်ရှိုင်းသောရေတွင်း၌ ရေအနည်းငယ်ကဲ့သို့ မျက်တွင်းချောင်ကျလာခဲ့သည်။ သူ့ ဦးရေခွံသည် လေပူ နေပူကြောင့် ရှုံ့တွနေသော ဗူးခါးသီးစိမ်းနုနုကဲ့သို့ ရှုံ့တွလာခဲ့သည်။ သူသည် ဝမ်းရေကို သုံးသပ်အံ့၏ သုံးသပ်သော် ကျောကုန်းရိုးကို ကိုင်မိ၏။ ကျောကုန်းရိုးကို သုံးသပ်အံ့ဟု သုံးသပ်သော် ဝမ်းရေကို ကိုင်မိ၏။ သူ၏ ဝမ်းရေသည် ကျောကုန်းရိုနား ကပ်နေခဲ့၏။ ကျင်ငယ် (သို့မဟုတ်) ကျင်ကြီးစွန့်အံ့ဟု သွားသော် ထိုနေရာ၌ပင် လဲကျ၏။ လက်ဖြင့် ကိုယ်ကို ပွတ်သပ်သော် အမြစ်ဆွေးနေသော အမွေးတို့သည် ကျွတ်ထွက်ကုန်လေသည်။ 

 After six years, the Bodhisattha realized that though he practised extreme asceticism, he could not accomplish enlightenment in this way. He ratiocinated that there must be another way. Then, he remembered his first experience of having the first jhāna by way of breathing meditation when he was a child. He considered that the practice of this spiritual experience must definitely be the way to achieve enlightenment. Then, he resumed taking food and tried to regain the first jhāna by way of breathing meditation technique. Finally, at the age of thirty five, on the Full-moon day of Vesakha, he achieved the knowledge of Four Noble Truths and attained the Buddhahood. Therefore, it can be definitely said that the Buddhist breathing meditation technique was not influenced by other religions. 

 ခြောက်နှစ်ကြာပြီးနောက် ဘုရားအလောင်းတော်သည် လွန်ကဲပြင်းထန်သော ခြိုးခြံခေါင်းပါးသည့် အကျင့်ကို သူ ကျင့်သုံးပါသော်လည်း ဤနည်းလမ်းဖြင့် ဉာဏ်အလင်းကို မရနိုင်ကြောင်း သဘောပေါက်နားလည်ခဲ့၏။ အခြားနည်းလမ်းရှိရမည်ဖြစ်ကြောင်း ကြောင်းကျိုးသင့် စဉ်းစားဆင်ခြင်မိ ခဲ့၏။ ထိုမှသည် သူ ကလေးဘဝတုန်းက ဝင်လေထွက်လေကမ္မဋ္ဌာန်းနည်းလမ်းဖြင့် ပထမဈာန်ကို ရရှိခဲ့ဖူးကြောင်းကို အမှတ်ရလာခဲ့၏။ ဤ စိတ်ပိုင်းဆိုင်ရာအတွေ့အကြုံသည် ဉာဏ်အလင်းကို ရရှိခြင်းငှါ သေချာသောလမ်းစဉ် ဖြစ်ရမည်ဟု သူ စဉ်းစားမိခဲ့၏။ ထို့နောက် သူသည် အစာအာဟာရကို ပြန်စားပြီးလျှင် ဝင်လေထွက်လေကမ္မဋ္ဌာန်းနည်းလမ်းဖြင့် ပထမဈာန်ကို ပြန်လည်ရရှိအောင် ကြိုးစားခဲ့လေသည်။ နောက်ဆုံးတွင် သက်တော် ၃၅ နှစ်အရွယ်အတွင်း ကဆုန်လပြည့်နေ့၌ သစ္စာလေးပါးကို သိမြင်တော်မူခဲ့ပြီးလျှင် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့လေသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့၏ ဝင်လေထွက်လေကမ္မဋ္ဌာန်းနည်းလမ်းကို အခြားဘာသာတရားများ၏ လွှမ်းမိုးမှုမရှိကြောင်း သေချာပေါက် ပြောဆိုနိုင်ပေသည်။ 

 Dr. Ashin Visarada (Rammavati)

No comments: