Wednesday, February 6, 2013

အပယ်ခံနှိုးစက်


တစ်နေကုန်ပင် ၊ အလုပ်ခွင်၌
ပင်ပင်ပန်းပန်း လုပ်ခဲ့သည် ။

စားဝတ်နေရေး ၊ လူမှုရေးနှင့်
အရေးထွေပြား သွားခဲ့သည် ။

သွားဆဲလာဆဲ ၊ ပန်ပန်းဆဲ၌
ဝဋ်ဆင်းရဲဟု ရှုမိသည် ။

သည်ဝဋ်ဆင်းရဲ ၊ ကုန်အောင်နွှဲဖို့
စိတ်ထဲတေးမှတ် ထားလိုက်သည် ။

လေးနာရီတွင် ၊ နှိုးစက်တင်၍
ကုတင်ပေါ်၌ လျောင်းခဲ့သည် ။

နှိုးစက်မြည်သံ--
နားတွင်လျှံသော်----
"အော်"ဟုယောင်ရမ်း ၊ ဆိုမြည်တမ်း၍
ခပ်ကြမ်းကြမ်းလေး ပိတ်လိုက်သည် ။
မျက်ဝန်းပြန်၍ မှိတ်လိုက်သည် ။

အရှင်ဝိသာရဒ (ရမ္မာဝတီ)

No comments: